Pages

Tuesday, 10 January 2012

စပါးရှင်သည်မျောက်ခြောက်လို့ မကြောက်တတ်ပါ

မိမိအားကြိုးမာန်တက် အပင်ပန်းခံစိုက်ပျိုးထားသော စပါးခင်းရင်မှည့်ပြီး ရွှေရောင်ဝင်းဝါလာသည်ကိုကြည့်ပြီး စပါးခင်းပိုင်ရှင်တို့သည် တစိမ့်စိမ့်ကြည်နူးတတ်ကြပါသည်။သို့အချိန်မျိုးတွင် တောနေမျောက်တို့ရောက်လာတတ်ပြီးစပါးခင်းကို ကျော်နင်းဖျက်ဆီးရန်ကြံစည်ပါကာ ထိုမျောက်များကို စပါးခင်းရှင်းကပြန်ထွက်ရန် ခြောက်လှန့်ရပါသည်။အခြေအနေဆိုးဝါးလာလျှင် တွန်းလန်မောင်းထုတ်ရပါသည်။
ဆိုလိုသည်မှာ စပါးရှင်ကသာ မျောက်ကိုခြောက်လှန့်မောင်းထုတ်ရိုး ထုံးစံရှိသည်။စပါးရှင်းကိုမျောက်ခြောက်လျှင် ရယ်မောဖွယ်သာဖြစ်ပါလိမ့်မည်။သဘာဝတရားနှင့်ဖီလာဖြစ်နေသည်။
ပြည်ပတနေရာမှ၂၀၁၁၊ဇွန်လထုတ်"ARAKAN" ဟု ခေါင်းစီးတပ်ထားသည့် စာစောင်ကိုကျွန်နော်တို့ ဖတ်လိုက်ရပါသည်။ စပါးခင်းရှင် ကျွန်နော်တို့ရယ်ကြသည်။ ဓနအားကိုးဖြင့် မီဒီယာကိုခုတုံးလုပ်ကာ အဓိပ္ပါယ်မဲ့ စကားများကိုပြောနေကြသော အ၇ှိသမိုင်းကိုလုပ်ကြံဖန်တီးနေကြသော ပြည်ပရောက် ဘင်္ဂါလီအချို့၏သွေးရူးသွေးတမ်း ပြောနေမှုအပေါ် မည်သည့်ရခိုင်သားမျှ တုန်လှုပ်မည်မဟုတ်ပါ။အဘယ်ကြောင့်ဆိုသော် ရခိုင်သားတိုင်းသည် ဗုဒ္ဒဘာသာ ၀င်များသာဖြစ်ပြီး မိမိသမိုင်းကိုမိမိသိနှင့်ပြီးသားဖြစ်သောကြောင့် ဖြစ်ပါသည်။
"ARAKAN" ဟူသော စာလုံးကို ကမန်းကတန်းကောက်ယူပြီးရိုဟင်ဂျာလူမျိုး ဟုစတန့်ထွင်ပြလျက်ရခိုင်ဒေသသည် ၄င်းတို့၏ချက်မြုပ်ရာမြေဖ်ြစသယောင်ယောင် သမိုင်းလိမ်များဖြင့် ကမ္ဘာ့အဖွဲ့အစည်းများ၏ထောက်ခံမှုကို လက်ဝါးဖြန့် တောင်းခံနေကြခြင်းသည် ခပ်ညံညံသီချင်းတပုဒ်ကို စည်းပျက်ဝါးပျက်ဖြင့် ခါတော်မသိဆိုပြနေခြင်းသာ ဖြစ်ပါလိမ့်မည်။
ရခိုင်တို့သည် မည်သည့် မျိုးနွယ်မှဆင်းသက်လာပြီး မည်သည့်ဒေသတွင်အခြေစိုက်ကာ နိုင်ငံကိုမည်သို့တည်ထောင်ခဲ့ကြောင့် ကျွန်နော်တို့သမိုင်းက အခိုင်အမာ ပြောနိုင်ပါသည်။ရခိုင်တို့သည်ဗုဒ္ဒဘာသာင်စင်စစ်များဖြစ်ပြီး နိုင်ငံခြားသားများက "ARAKAN"ဟုခေါ်ဝေါ်ခဲ့ကြောင်းကျွန်နော်တို့အမျိုးသားသမိုင်းပညာရှင်များကပြတ်ပြတ်သားသား ပြောဝံ့ပါသည်။
ရာဘငါဒြာနတ်တဂိုးကဲ့သို့သော ဘင်္ဂါလီလူကြီးလူကောင်းများကို ကျွန်နော်တို့လေးစားပါသည်။ကျွန်နော်တို့ဒေသတွင် ဆိုးတူကောင်းဖက် လက်ရည်တပြင်စီးနေထိုင်လာကြသော ငြိမ်းချမ်းမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုကို လိုလားသော ဒေသခံမှုဆလင်လူကြီးလူကောင်းများအား ကျွန်နော်တို့လေးစားပါသည်။
သို့သော် အဝေးရောက်ဘင်္ဂါလီလက်တဆုတ်စာ၏ စပါးရှင်ကိုခြောက်လှန့်ရန်ကြိုးပမ်းမှုမျိုးကျု လုံးဝလက်ခံမည်မဟုတ်ပါ။မည်သို့ပင်ဆိုစေ သမိုင်းအတွေ့အကြုံအရ ကျွန်နော်တို့အားလုံးသည်နိုင်ငံရေးအသိ နိုင်ငံရေးသတိရှိကြရပါလိမ့်မည်။

အယ်ဒီတာ


..............................................
http://www.rakhinendparty.webs.com/

0 comments:

Post a Comment