Pages

Tuesday, 17 January 2012

လင်းကြက်တွန်ချိန်

ဂန္တဝင်ထဲက အမွီအနှစ်တိ
ခေတ်သမိုင်းမြို့ပြထဲမှာ
ကာရံပျောက်လုလုဖြစ်နီရေ။

ဇာတ်သိမ်းခန်း မရောက်ခင်
စင်တင်ပြသကတ်ဖို့
မြောက်ဦးခြီရာကိုကောက်
လေးမြို့ခြီရာကိုကောက်
ဝေသာလီခြီရာကိုပြန်ကောက်
ဓညဝတီခြီရာကိုပြန်ကောက်။

အဖိုးသျှင်ပြောခရေ
လခြမ်းမြီကို ချစ်လီ ရိုမကိုချစ်လီ
အမွီကိုထိန်းလီ
သဇင်ပန်းကို မြတ်နိုးလီ
ယပြီးကေ ငပုတ်ကို မုန်းလီ။

ရိုးမထက်က သဇင်
အဥသျှေကိုပင် မကျန် ခူးရောင်းခံနီရယာ။
အသျှင်ဦးဥတ္တမနှလုံးသား
ပြဒါးသုတ်ကြီးမုံတစ်ချပ်
ဖုံကပ်စပြုနီယာ။

ယင်းပိုင်ဆိုကေ
ငါ့ရို့ ဇာပိုင်ချစ်တေလဲ
ငါ့ရို့ ဇာလောက်ချစ်ယာလဲ
ငါ့ရို့ ဇာလုပ်ရဖို့လဲ။

......................
မြတ်ရွှေ (မြေစာရင်း)
မြောက်ဦးမဂ္ဂဇင်း အမှတ် (၄)

..............................

ရခိုင်ကဗျာဥယျာဉ်

0 comments:

Post a Comment