Pages

Tuesday, 10 January 2012

(ပေးစာ)

သို့
အယ်ဒီတာ

ကျန်းမာရေးမှူးတဦး၏ လုပ်ရပ်ကို သက်ဆိုင်ရာ အထက်လူကြီးများသိစေရန် အယ်ဒီတာမှတဆင့် ရင်ဖွင့်လိုက် ရပါသည်။

ကျွန်တော်တို့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း နယ်မြေ (၃)တောင်ပြိုမြို့နယ် ဆေးရုံတွင် တာဝန် ထမ်းဆောင်နေသော ကျန်းမာရေးမှူးသည် အများပြည်သူ ကျန်းမာရေးအတွက် နိုင်ငံ တော်မှ ချပေးသော ဆေးဝါးများကို မိမိကိုယ်ကျိုးအတွက် အပြင်မှာ ရောင်းစားနေသဖြင့် ပြည်သူများမှာ လိုအပ်သော ဆေးများကို အပြင်တွင် ဈေးနှုန်းနှစ်ဆပေးပြီး ၀ယ်ယူ သုံးစွဲနေကြပါသည်။

ဆေးရုံတွင် ၅၀၀ ကျပ်သာပေးရသော ဂလူးကို့စ် တလုံးကို အပြင်တွင် ၁၂၀၀ ကျပ်ဖြင့်၎င်း၊ ဘီတွဲ၊ ဘီကွန်ပလက်၊ ကယ်လဆီယံတလုံး ၃၀ ကျပ်ကို အပြင်တွင် ၁၀၀ ထိ ပေးပြီး ၀ယ်ယူ သုံးစွဲနေကြရသဖြင့် ငွေမလိုက် နိုင်သော ဆင်းရဲသား ပြည်သူများမှာ အသက်မသေသင့်ဘဲနဲ့ အသက် သေဆုံးနေကြရပါသည်။

ကျန်းမာရေးမှူးသည် ဒေသခံ နယ်မြေ (၃)အုပ်ချုပ်ရေးမှူးနှင့် ပေါင်းပြီး အစိုးရမှ ထုတ် ပေးသော ဆေးဝါးပစ္စည်းများကို အပြင်ဆိုင်များသို့ ရောင်းစားနေသည်ကို ပြည်သူများ သိရှိနေကြသော်လည်း အုပ်ချုပ်ရေးမှူးကိုယ်တိုင် ပါဝင်ပတ်သက်နေသောကြောင့် အထက်ကို မတိုင်ကြားဝံ့ဘဲ ဖြစ်နေရသဖြင့် အယ်ဒီ တာမှတဆင့် တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ပြည်သူ့ ဆေးဝါးများကို ကိုယ်ကျိုးအတွက် ထုတ်ယူရောင်းစားနေသော ကျန်းမာရေးမှူးမှာ ပြည်သူများ၏ မေတ္တာတုန့်ပြန်မှုကြောင့် ၁၅ နှစ်အရွယ် သားတဦးသည် မကျန်းမမာဖြစ်၍ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ စစ်တကောင်းဆေးရုံတွင် သွားရောက်ဆေးကုသမှု ခံယူနေယင်း ယခု ဇန္န၀ါရီလ ၄ ရက်နေ့က သေဆုံးသွားခဲ့ရသည်။

ယခုကဲ့သို့ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ခြင်းမပြုဘဲ ခေါင်းပုံဖြတ် အသက်ကို နှုတ်ယူ ရောင်းစားနေကြသော ကျန်းမာရေးမှူးနှင့် နယ်မြေ အုပ်ချုပ်ရေးမှူးတို့အား အထက် အာဏာပိုင်များအနေဖြင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးပါရန် အယ်ဒီတာမှတဆင့် တင်ပြလိုက်ရပါ သည်။

မခံမရပ်နိုင် ဖြစ်နေကြသော တောင်ပြိုကျေးရွာသား တစ်စု


............................
နိရဉ္စရာ

0 comments:

Post a Comment