အောက်တိုဘာလ ၀၃ ရက် ၂၀၁၁
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီနှင့် ချင်းအမျိုးသား ပါတီ
ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြည်သူ့လွှတ်တော်မှ ဖွဲ့စည်းပေးထားသည့် ငြိမ်းချမ်းရေးကော်မတီတွင် လွှတ်တော်ပြင်ပမှ သမိုင်းပညာရှင်များကို ဖြည့်စွက်ပေးရန် လွှတ်တော်တက် တိုင်းရင်းသား ငါးပါတီက သမ္မတ ဦးသိန်းစိန်ကို တနင်္ဂနွေနေ့က တိုက်တွန်း လိုက်သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီနှင့် ချင်းအမျိုးသား ပါတီတို့၏ ရန်ကုန် တောင်ဥက္ကလာပမြို့တွင် ကျင်းပသော Brotherhood Forum က “လက်ရှိ ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး ကော်မတီတွင် ဂုဏ်သိက္ခာရှိ ပုဂ္ဂိုလ်များ၊ ပညာရှင်များဖြင့် ဖြည့်စွက်ပေးရန်” တိုက်တွန်းထားသည်။
ဆွေးနွေးပွဲတွင် လူပုဂ္ဂိုလ် အမည်တပ်၍ ပြောဆိုကြခြင်း မရှိသော်လည်း “သမိုင်းပညာရှင်တွေ ပါရမယ်။ ဘာလို့လည်း ဆိုတော့ ဒီဥစ္စာက မြန်မာနိုင်ငံရေး သမိုင်းနဲ့ တိုက်ရိုက် ပတ်သက်နေတော့ သမိုင်းနောက်ခံ အချက်အလက်တွေ အများကြီး အားပြုရမယ့် အပိုင်းရှိတယ်။ နိုင်ငံရေးသမားဟောင်းကြီးတွေ ပါရမယ်။” ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဦးလှစောက ဆိုသည်။
ပညာရှင်များပါသည့် ငြိမ်းရေးကော်မတီ ဖွဲ့စည်း၍ ငြိမ်းချမ်းရေး အလုပ်ရုံ ဆွေးနွေးပွဲများ ကျင်းပသင့်ကြောင်း သူတို့
က သြဂုတ် လ ၃ ရက်က စတင် တိုက်တွန်းခဲ့သော်လည်း အစိုးရကမူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် ပဏာမ လုပ်ငန်းစဉ်များ အတွက် သက်ဆိုင်ရာ ပြည်နယ်အစိုးရ အဖွဲ့သာ ဆွေးနွေးရန် သြဂုတ်လ ၁၈ ရက်တွင် ထုတ်ပြန်လိုက်သည်။

ယင်းနောက် ကြံ့ခိုင်ရေးပါတီ မြစ်ကြီးနား အမတ် ဦးသိန်းဇော် ဦးဆောင်သည့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီကို ပြည်သူ့လွှတ်တော်က ဖွဲ့စည်းခဲ့သည်။
ငြိမ်းချမ်းရေး ကော်မတီတွင် သမိုင်းပညာရှင်များ အပြင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ထည့်သွင်းသင့်သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြောသည်။
“ဦးသိန်းစိန်တို့ နိုင်ငံတော် အစိုးရ အသစ်နဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြားထဲမှာ တစုံတရာ နားလည်မှုတွေ တည်ဆောက်ပြီးတော့ ပူးတွဲ လုပ်ဆောင်သွားမယ့် အနေအထား ရှိတယ်ဆိုတော့ အကုန်လုံးက လက်ခံ ယုံကြည်
နိုင်လောက်တဲ့ ခေါင်းဆောင်ကြီး တယောက်ပါပဲ။ တကယ်လို့ ဖိတ်ခေါ်မယ် ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်ခံသင့်တယ်” ဟု ဆိုသည်။
နိုင်လောက်တဲ့ ခေါင်းဆောင်ကြီး တယောက်ပါပဲ။ တကယ်လို့ ဖိတ်ခေါ်မယ် ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်ခံသင့်တယ်” ဟု ဆိုသည်။
ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌ အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ အေးမောင်ကလည်း
ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး ကော်မတီတွင် ထည့်သွင်းသင့်ကြောင်း အကြံပြုခဲ့ဖူးသော်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အများစု ဖြစ်သော လွှတ်တော်တွင် ပယ်ချခံရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး ကော်မတီတွင် ထည့်သွင်းသင့်ကြောင်း အကြံပြုခဲ့ဖူးသော်လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေး အများစု ဖြစ်သော လွှတ်တော်တွင် ပယ်ချခံရသည်။
ဦးဦးလှစောက “ဒေါ်အောင်ဆန်းစုကြည်က ပါမလာသေးတယ် ဆိုတာက နိုင်ငံအစိုးရသစ် ခေါင်းဆောင်တွေနဲ့
ဆွေးနွေးဆဲ အနေအထားမှာ ရှိတယ်။ နောက်တခုက ပါတီ မှတ်ပုံတင်မယ့် ကိစ္စတွေလည်း ဆွေးနွေးဆဲလို့ပဲ
ကျနော်တို့ သိရပါတယ်။ အဲဒါလေးတွေဟာ တကယ်လို့ အဆင်ပြေသွားမယ် ဆိုရင်တော့ ဒီ Democratic
Transition ထဲမှာ တကယ့် ထိထိရောက်ရောက်နဲ့ ဦးဆောင်မှုပေးပြီး ပါလာနိုင်လိမ့်မယ်လို့ ကျနော်တော့
မျှော်လင့်ပါတယ်” ဟု ပြောသည်။

အစိုးရက ငြိမ်းချမ်းရေး ဖော်ဆောင်လိုသည်ဟု ပြောဆိုနေသည်နှင့် တပြိုင်နက် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အတွင်း၌ တိုက်ပွဲများ အရှိန်မြှင့် ဆင်နွှဲနေကြောင်း ကချင်လွတ်မြောက်ရေးတပ် KIAနှင့် ရှမ်းပြည်တပ်မတော် (မြောက်) SSA-N တို့ထံမှ သတင်းများ ထွက်ပေါ်နေသည်။
၂ဝ၁၁ ခု မတ်လ ၁၃ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့အထိ ၅ လကျော်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း မြို့နယ်
၉ ခုတွင် SSA-N နှင့် အစိုးရတပ်များအကြား တိုက်ပွဲပေါင်း ၃၀၈ ပွဲဖြစ်ပွားခဲ့သည်ဟု SSA-N ပြောခွင့်ရ ဗိုလ်မှူးစိုင်းလှ က ပြောသည်။ မိုင်းရှုး၊ မိုင်းရယ်၊ ကျေးသီး၊ တန့်ယန်း၊ သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ နမ့်ဆန်နှင့် နမ့်ခမ်းတို့တွင်
ဖြစ်ပွားသော တိုက်ပွဲများ ဖြစ်သည်။

SSA-N ဘက်က ၃၃ ဦး ကျဆုံးပြီး ၄၄ ဦး ဒဏ်ရာရသော်လည်း အစိုးရဘက်၌မူ ၅၀၀ ကျော်ကျဆုံးပြီး ၆၀၀ ကျော် ဒဏ်ရာရသည်ဟု ဆိုသည်။ တန့်ယန်းမြို့နယ်ရှိ SSA-N တပ်မဟာ-၃၆ ဌာနချုပ် နမ့်လောင်းစခန်း၊ မိုင်းရယ်မြို့နယ်ရှိ တပ်မဟာ-၁ ဌာနချုပ် နောင်ချိုစခန်းတို့ အပါအဝင် စခန်း ၁၀ ခု လက်လွှတ်ရသည်ဟု ဗိုလ်မှူးစိုင်းလှက ပြောသည်။
0 comments:
Post a Comment