စက်တင်္ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ် ပေါက်တော မြို့နယ် ပြည်သူ့ လွှတ်တော်အမတ် ကို အရှုံးပေးခဲ့သည့် ရွှေးကောက်ပွဲကော် မရှင်ကို ရှုတ်ချရာတွင် ရခိုင်ပြည်နယ် ၀န်ကြီး သုံးဦးလည်း ပါဝင်ကြောင်း သတင်း ရရှိသည်။
စက်တင်္ဘာလ ၉ ရက်နေ့က ရခိုင်ပြည်နယ် လွှတ်တော်အမတ် ၁၈ ဦးက အနိုင်ရ ပေါက်တောမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံအား ရွှေးကောက်ပွဲ ကော်မရှင် ခုံရုံးကအရှုံးပေး လိုက်ခြင်း အပေါ် ကျေညာချက်ထုတ်ပြန် ကန့်ကွက်ရှုတ်ချရာ ထိုအထဲတွင် ရခိုင်ဝန်ကြီး သုံးဦးလည်း ပါဝင်သည်။
အဆိုပါ ကျေညာချက်ထဲတွင်" ပြည်သူလူထု အပေါင်း၏ ရွှေးကောက်တင်မြှောက်ခံရသော ပြည်သူ့ကိုယ်စား ပြု ကိုယ်စားလှယ် တစ်ဦးအား နိုင်ငံရေး ပြိုင်ဘက်များနှင့် ယင်းတို့၏ နောက်ကွယ် အင်အားများက နိုင်ငံရေး အရ လုပ်ကြံမူကြောင့် ဖြစ်ပေါ်ကြုံတွေ့ ရင်ဆိုင်လိုက်ရသော ပေါက်တောမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ၏ နစ်နာဆုံးရှုံးမူ အတွက်လည်းကောင်း၊ မဲဆန္ဒရှင်ပြည်သူ များ၏ မျှော်လင့်ချက် ဆန္ဒ ပျက်သုဉ်းရခြင်း၊ စိတ်ပျက်ဖွယ် ရလာဒ်များ ဖြစ်ပေါ်ရခြင်းအတွက် လည်းကောင်း ကျွနုပ်တို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ကိုယ်စားပြု ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက လုံးဝ လက်မခံနိုင်ကြောင်းနှင့် ယင်းလုပ်ရပ် အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း သဘောထား ထုတ်ပြန် ကြေညာအပ်သည်" ဟု ပါရှိသည်။
ရွှေးကောက်ပွဲကော်မရှင်အား တခြား လွှတ်တော် အမတ်များနှင့် အတူ ရှုတ်ချရာတွင် ပါဝင်သူ ပြည်နယ် ၀န်ကြီး များမှာ ဦးသာလူချေ ( လျှပ်စစ်နှင့် စက်မူလက်မူ ၀န်ကြီး)၊ ဦးကျော်သိန်း ( စိုက်ပျိုးရေးနှင့် မွေးမြူရေး ၀န်ကြီး) နှင့် ဦးအောင်သန်းတင် ( သစ်တောနှင့် သတ္တုဝန်ကြီး) တို့ ဖြစ်ကြသည်။
အဆိုပါ ကိစ္စနှင့် ပိုပြီး သိရှိနိုင်အောင် မေးမြန်းရန် ကြိုးစား ဆောင်ရွက်သော်လည်း ပြည်နယ် ၀န်ကြီးများနှင့် ဆက်သွယ်မူ မရရှိခဲ့ပါ။
ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ၏ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များမှ ရွှေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက် အပေါ် ရှုတ်ချကန့်ကွက်ခြင်းမှာ ဒုတိယ အကြိမ် ဖြစ်ပြီး ပထမ တကြိမ်ကလည်း အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ၁၅ ဦးက လက်မှတ်ရေးထိုး ကျေညာချက် ထုတ်ပြန်ကာ ရွှေးကောက်ပွဲ ကော်မရှင် ဆုံးဖြတ်ချက်ကို လူသိရှင်ကြား ရှုတ်ချ ကန့်ကွက်ခဲ့သည်။
ရွှေးကောက်ပွဲကော်မရှင် တရားခုံးရုံးသည် ပေါက်တောမြို့နယ် ပြည်သူ့လွှတ်တော် အမတ် ဦးအောင်ကျော်ဇံအား ပြိုင်ဘက် ကြံ့ဖွံ့ ပါတီ ဦးထွန်းအောင်ခိုင်ထက် မဲအရေအတွက် ၁၉၉၉၉ အနိုင်ရရှိခဲ့သော်လည်း ဦးအောင်ကျော်ဇံအား အရှုံးပေးခဲ့သည်။ ၂၀၁၀ နိုဝင်္ဘာလ ၇ ရက်နေ့က ပြုလုပ်ခဲ့သော ရွှေးကောက်ပွဲတွင် ဦးအောင်ကျော်ဇံမှာ မဲ ၃၀၅၅၀ ရရှိခဲ့ပြီး ကြံ့ဖွံ့ကိုယ်စားလှယ် ဦးထွန်းအောင်ခိုင်မှာ ကြိုတင်မဲများ အပါအ၀င် မဲစုစုပေါင်း ၁၁၅၅၁ မဲသာ ရရှိခဲ့သည်။
ယခုကဲ့သို့ ရွှေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင်များ၏ ဆန္ဒကို မလေးစားဘဲ တရားမျှတမူ မရှိဖက်လိုက် ကာ ဆုံးဖြတ်မူမှာ လက်ရှိ မြန်မာနိုင်ငံ၏ ရွှေးကောက်ပွဲ ဥပဒေ အပေါ် ကြီးမားသော စိန်ခေါ်မူ တရပ်ပင် ဖြစ်ကြောင်း ဥပဒေကျွမ်းကျင်သူများက ပြောသည်။
..........................
နိရဉ္စရာ

0 comments:
Post a Comment