မိုးမိုးကျော်
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့၊ နံနက် ၉း၃၀ နာရီတွင် ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ် ကိုင်းရှည် ကွက်သစ်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
အခမ်းအနားသို့ အမျိုးသားရေးတက်ကြွသူများ၊ နိုင်ငံရေးအဖွဲ့အစည်းများမှပုဂ္ဂိုလ်များ၊ ရဟန်း သံဃာတော်များ၊ စာရေးဆရာများ နှင့် ရခိုင့်သမိုင်းရေးရာစိတ်ဝင်စားသူ (၅၀) ကျော် တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို နမောတသ (၃) ကြိမ် ရွတ်ဆို ဘုရားကန်တော့ကာ စတင်ဖွင့်လိုက်ပြီး သံဃာတော်များမှ မေတ္တာသုတ်နှင့် ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ကာ သီလပေးခဲ့ပါသည်။ အစီအစဉ်အရ အခမ်းအနား ပြုလုပ်ရခြင်းနှင့် ရခိုင်လူသားချင်း စာနာမှု အထောက်အကူပြု ကွန်ယက် (AHN) အကြောင်းကို ကိုသန်းလွင် မှ ရှင်းလင်း တင်ပြခြင်း၊ ထို့နောက် ကျဆုံးသွားခဲ့သော ရခိုင့်အာဇာနည်ပုဂ္ဂိုလ်များကို ရည်စူး၍ ရေစက်ချအမျှဝေခြင်း၊ ရခိုင်ပြည်အချုပ်အခြာ အာဏာကျဆုံးရခြင်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ ဖြန့်ဝေခြင်း၊ ရခိုင်ပြည် ကျဆုံးရခြင်းသမိုင်း ကို ဖတ်ကြားခြင်း၊ စာရေးဆရာ မောင်လှိုင် (လမု) ၏ ပေးစာကို ဖတ်ကြားခြင်း။
ကို မိုးနိုင်စိုး မှ ကျွန်တော့် အိပ်မက်ထဲ၊ နလုံးသားထဲက ရခိုင်နိုင်ငံ ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ အရှင်ပညာစာရ၏ ထေရုပတ္တိကို ဖတ်ကြားခြင်း၊ တက်ရောက်လာသူတဦးမှ ရခိုင့်အမျိုးသားနိုင်ငံရေး ခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ ရခိုင်လူငယ်များနှင့် အတိတ်သင်ခန်းစာ ခေါင်းစဉ်ဖြင့် တက်ရောက်သူ တဦးမှ ဟောပြောခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။ ထို့နောက် အစီအစဉ်အရ တက်ရောက်လာကြသူများမှ အရှင်ပညာစာရ လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထို့နောက် ကြွရောက်လာကြသည့် သံဃာတော်များအား ဆွမ်း နှင့် အခြားလှူဖွယ် ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး အခမ်းအနား တက်ရောက် သူများကို လဘက်ရည်နှင့် မုန့်ဖြင့် ကျွေးမွေး ဧည့်ခံကာ မွန်းတည့် ၁၂း၀၀ နာရီ အချိန်တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့သည်ဟု Arakan Review သို့ ပြောကြားသွားခဲ့သည်။
........................
Arakan Review
0 comments:
Post a Comment