ငါ
ဇာကမ္ဘာကဝတ်ကြီး
ဇာဖီးသင့်ဗျာ
ပြာကျအောင်
လောင်းမီးမြှိုက်ခံရကေလည်း ။
ငါအား
အသားကိုလှီး
အသွီးကိုသောက်
အသက်ပျောက်အောင်
ဗဇောင်ပင်နှိပ်စက်စက်
ငါကားမထီ
ကမ္ဘာကြီးလည်း ငါမသီ ။
မျိုးရက္ခ
အသက်ဝိဥာဉ်
ငါ့ခန္ဓာ တကိုယ်လုံး
ဖုံးလွှမ်းဖြန့်ကြက်
အသက်ဆက်ဆဲ ရှင်သန်မြဲ ။
ထက်ထွန်းနီ (မြောက်ဦး)
...................
မြောက်ဦး (မဂ္ဂဇင်း အမှတ် ၄)
0 comments:
Post a Comment