တောင်ကုတ်နတ်
ရခိုင်ပြည်နယ်တွင် လျှပ်စစ်ဓါတ်အားရရှိရန် ၂၀၁၂ မှ စတင်၍ ၂၀၁၅ခုနှစ် ကုန်ဆုံးချိန်ထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး ပြောကြားခဲ့ကြောင်း ဇန်န၀ါရီ (၂၀) ၂၀၁၂ နေ့ထုတ်Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။
ပြည်ထောင်စု ၀န်ကြီးဦးခင်မောင်စိုးက ဇန်န၀ါရီလ (၉)ရက်နေ့တွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓါတ်အားပေးအဖွဲ့ အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သော မီဒီယာတွေ့ဆုံပွဲတွင် National Grip ကထွက်သော ဓါတ်အားကို ရခိုင်ပြည်နယ် တောင်ကုတ်သို့ ၂၃၀ ကေဗွီအေ ဓါတ်အားလိုင်း ပေးဆွဲပြီး ယင်းမှ မအီ၊ အမ်း၊ ကျောက်ဖြူ စသောဒေသများသို့ ၂၀၁၂- ၂၀၁၃တွင် ဓါတ်အားရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၎င်းနှစ်တွင်မရောက်ရှိခဲ့ပါက ၂၀၁၄ကိုနောက်ဆုံးထားဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
“ ဒီလိုဖြစ်လာမယ်ဆိုရင် ကောင်းတာပေါ့၊ လက်ရှိမှာ ပုဂ္ဂလိက မီးကိုသုံးနေရတာ၊ တစ်ယူနစ်ကို ၂၅ ကျပ်ပေးရတယ်၊ ၁၀ ယူနစ်ကျော်ရင် ၄၀၀ ပေးရတာ၊ လုပ်ငန်း အ၀င်ငွေနဲ့ မီးစရိတ်က မျှတမှု မရှိဘူး၊ လျှပ်စစ်မီး မသုံးနိုင်တဲ့ ပြည်သူတွေလည်း မီးသုံးလာနိုင်မယ်၊ လျှပ်မီးကို စရိတ်သက်သက်သာသာ သုံးနိုင်တဲ့အတွက် လုပ်ငန်းရှင်တွေ အတွက်လည်း ပိုပြီး အဆင်ပြေလာနိုင်မယ်” ဟုတောင်ကုတ်မြို့ခံတစ်ဦးကပြောသည်။
၂၀၁၄ အကုန်တွင် အမ်းတောင်ဘက်မြို့များနှင့် ကျောက်ဖြူအောက်ပိုင်း ဒေသအားလုံး ၂၄နာရီ မီးရရှိမည်ဟု ခန့်မှန်းပြီး အမ်းမှတစ်ဆင့် ကျောက်တော်- ပုဏ္ဏားကျွန်း- စစ်တွေသို့ အဆင့်ဆင့် ဆောင်ရွက်သွားဖြစ်ပြီး National Grip မှထွက်သော ဓါတ်အားကို ၂၀၁၄-၂၀၁၅ အကုန်တွင် ရခိုင်ပြည်နယ်၌ ၂၄နာရီရရှိဟု အာမာခံကြောင်း၊ လက်ရှိအခြေအနေတွင် ပစ္စည်းများအားလုံး ၀ယ်ယူနေပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
.............................................................
ရခိုင့်လူ့အခွင့်ရေးနှင့် ဖွဲ့ဖြိုးတိုးတက်ရေးအဖွဲ့
0 comments:
Post a Comment