Pages

Wednesday, 11 January 2012

တရွာတည်းသားကို သတ်သူ ပြစ်မူ ထင်ရှား၍ ထောင် (၇) နှစ် ချမှတ်ခံရ

ထွန်းထွန်း
----------
မြေပုံမြို့နယ်မှ ရွာသား အချင်းချင်း စကားများရာက ဓါးဖြင့် ထိုးသတ်သူကို ပြစ်မူ ထင်ရှားသဖြင့် စစ်တွေ ခရိုင် တရားရုံးက ထောင် (၇) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ထောင်ချမှတ်ခံရသူမှာ မြေပုံမြို့နယ် ကုန်းဘောင်ကျေးရွာမှ ဦးသန်းမောင် အသက် (၃၂) ဖြစ်သည်။ သူမှာ ဦးအေးညွန့်ကြီး၏ သားဖြစ်ကြောင်း သိရသည်။

၂၀၁၁-ခုနှစ်ဇွန်လ ၂၂ ရက်နေ့က အရက်မူးယစ်သောက်စားပြီး အချင်းချင်းစကားများရာမှ ဦးသန်းမောင်က တရွာတည်း နေထိုင်သူ (ဘ) ဦးစောဖြူအောင်၏သား ဦးမောင်စောသိန်း အသက် (၄၅)နှစ်အား ဓါးဖြင့် ထိုးသတ်ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရွာသား တစ်ဦးက ယခုလို ပြောသည်။

" လွန်ခဲ့တဲ့နှစ် ဇွန်လ ၂၂ရက်နေ့ ညဥ့် ၈နာရီမှာ သန်းမောင်က အရက်မူးယစ်ပြီး မဖွယ်မရာစကားတွေ ပြောနေတာကို မြင်လို့ မောင်စောသိန်းက ဟန့်ပါတယ်။ အဲသလို ဟန့်ရမလားဆိုပြီး အသင့်ပါလာတဲ့ ဓါးနဲ့ ခြံဝင်းထဲကို ၀င်လာပြီး ဦးမောင်စောသိန်းကို ဓါးနဲ့ ထိုးတယ်။ ဓါက လည်ပင်းမှာ သွားထိပြီး အဲဒီ ဒဏ်ရာနဲ့ ဘဲ မြေပုံဆေးရုံကို ယူသွားစဉ် လမ်းမှာ ဦးမောင်စောသိန်း ဆုံးသွားပါတယ်" ဟုပြောသည်။

သူ့အား ပြစ်မူ ထင်ရှားသဖြင့် စစ်တွေ ခရိုင် တရားရုံးက ပုဒ်မ ၃၁၂(၂) ဖြင့် ၂၀၁၁ ခုနှစ် ဒီဇင်္ဘာလ ၂၆ ရက်နေ့က အလုပ်ကြမ်းနှင့် ထောင် (၇) နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။ ဦးမောင်စောသိန်း၏ ယောက်ဖဖြစ်သူ ဦးအောင်နုချေက တရားလို အဖြစ် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

.......................
နိရဉ္စရာ

0 comments:

Post a Comment