Pages

Tuesday, 17 January 2012

ရခိုင်ပြည်သူများ​ကို ​ရွှေသဘာဝဓာတ်​ငွေ့​ အသုံး​ပြုခွင့်​ပေး​ရန် ​တောင်း​ဆို

ရခိုင်ပြည်နယ် ​ရွှေဂတ်စ်စီမံကိန်း​က​နေ ထွက်တဲ့​သဘာဝဓတ်​ငွေ့​ကို ရခိုင်ပြည်သူ​တွေကို အသုံး​ပြုခွင့်​ပေး​ဖို့​နဲ့​ ရခိုင်ပြည်နယ်အတွင်း​ ၂၄ နာရီ မီး​လင်း​ရေး​ လူထုလှုပ်ရှား​မှု ပြုလုပ်ခဲ့​ပါတယ်။

ရက္ခအလင်း​တန်း ​လူငယ်အဖွဲ့​က ဦး​ဆောင်ပြီး​ ရခိုင်ပြည်နယ်၊​ စစ်​တွေနဲ့​ ​မြောက်ဦး​မြို့​တွေမှာ ‘၂၄ နာရီ မီး​ရရှိ​ရေး​ ​ရွှေဂတ်စ်စီမံကိန်း​မှ အခု ချက်ချင်း​ပေး​’ ဆိုတဲ့​ ပိုစတာစာရွက်​တွေကို မြို့​တွင်း​လူစည်ကား​ရာ​တွေမှာ ကပ်ခဲ့​သလို တီရှပ်ဆင်တူ ဝတ်ဆင်တဲ့​ လှုပ်ရှား​မှု​တွေလည်း​ ပြုလုပ်ခဲ့​ပါတယ်။

တီရှပ်ရဲ့​ ​ရှေ့​မှာ Our gas Our future စာသား​နဲ့​ အ​နောက်မှာ stop shwe gas prodution ဆိုတဲ့​စာသား​ပါ တီရှပ်တူညီဝတ်ဆင်ပြီး​၊​ လမ်း​လျှောက်ခဲ့​ကြပါတယ်။

လှုပ်ရှား ​မှုနဲ့​ ပတ်သက်လို့​ ရက္ခအလင်း​တန်း​လူငယ်အဖွဲ့​ရဲ့​ မထက်ထက်စံက “၂၄ နာရီ မီး​ရရှိ​ရေး​ ​ရွှေဂက်စ်စီမံကိန်း​မှ အခုချက်ချင်း​ပေး​၊​ အဲလိုမျိုး​စာတမ်း​တွေ ​ရေး​ထား​တယ်။ ဂက်စ်ဘူး​လေး​တွေ ဆွဲထား​တယ်။ မီး​လုံး​လေး​တွေနဲ့​ ၂၄ နာရီမီး​ရရှိ​ရေး​ အတွက် ​ရွှေဂက်စ်စွမ်း​အင် သုံး​စွဲခွင့်​ပေး​ ချက်ပြုတ်​ရေး​အတွက် အဲလိုမျိုး​တွေ ​ရေး​ထား​တယ်။ ​ကျောဘက်မှာ ​ရွှေဂက်စ် ကာကွယ်​ရေး​ အဲလိုမျိုး​တွေ ​ရေး​ထား​တဲ့​စာ​တွေ ပါတဲ့​စ​တေကာ​တွေ ကပ်ထား​တယ်။ စစ်​တွေမြို့​လမ်း​မကြီး​ရယ်၊​ မင်း​ဘာကြီး​လမ်း​၊​ ​မေယုလမ်း​၊​ လမ်း​မကြီး​တ​လျှောက်​ပေါ့​။ ၂၄ နာရီမီး​တော့​လင်း​တယ်။ မီတာခ​တွေ တအား​ဈေး​ကြီး​တော့​ မသုံး​ရဘူး​။ ​နောက် ဆီ​တွေက ​ဈေး​တက်​တော့​ ကား​ခ​တွေက ​ဈေး​ကြီး​၊​ ​ကျောင်း​တက်တဲ့​ က​လေး​တ​ယောက် တရက်ကို တ​ထောင်​လောက် မုန့်​ဖိုး​မပါရင် ​ကျောင်း​မတက်နိုင်ဘူး​။ အဲဒါ​တွေကို ​ပြေလည်ရာ​ပြေလည်​ကြောင်း​ ​တောင်း​ဆိုတဲ့​သ​ဘောပါ။”

ဒါ့​အပြင် ​ရွှေသဘာဝဓာတ်​ငွေ့​မှ စွမ်း​အင်တချိုနဲ့​ အကျိုး​အမြတ်တချို့​ကို ရခိုင်ပြည်နယ်သူပြည်နယ်သား​များ​ အပြည့်​အဝသုံး​ရေး​ ​ခေါင်း​စဉ်ပါ အိတ်ဖွင့်​ပေး​စာကိုလည်း​ ရခိုင်ပြည်နယ်ဝန်ကြီး​ချုပ် ဦး​လှ​မောင်တင်ဆီ သွား​ရောက်​ပေး​ပို့​ခဲ့​တယ်လို့​ ဆိုပါတယ်။

နိုင်ငံ ​တော်သမ္မတ ဦး​သိန်း​စိန်ဆီ ​ပေး​ပို့​ခဲ့​သလို ဒု-သမ္မတနဲ့​ ပြည်​ထောင်စုအစိုး​ရအဖွဲ့​ဆီကိုလည်း​ အိတ်ဖွင့်​ပေး​စာကိုလည်း​ မိတ္တူ​ပေး​ပို့​ခဲ့​ပါတယ်။

မြောက်ဦး​ မြို့​မှာလည်း​ လှုပ်ရှား​မှု​တွေပြုလုပ်ခဲ့​ပါတယ်။ ပြီး​ခဲ့​တဲ့​ နှစ် နိုဝင်ဘာလတုန်း​ကလဲ အလား​တူ ​တောင်း​ဆိုမှု​တွေ ရှိခဲ့​လို့​ ရခိုင်ကမ်း​လွန်က သဘာဝဓာတ်​ငွေ့​ကို ရခိုင်ပြည်သား​တွေကို ပမာဏအနည်း​ငယ်​ပေး​ဖို့​ ပြည်​ထောင်စုအစိုး​ရက သ​ဘောတူစာချုပ်ခဲ့​ပါတယ်။

ဒါ​ပေမယ့်​ ရခိုပြည်နယ်လက်ထဲကို ​ရောက်မလာ​သေး​တာ​ကြောင့်​ ထပ်ပြီး​တောင်း​ဆိုမှု​တွေ လုပ်တာလို့​ ​မြောက်ဦး​မြို့​မှာ ဦး​ဆောင်လှုပ်ရှား​တဲ့​ ရက္ခအလင်း​တန်း​ လူငယ်အဖွဲ့​က မမာမာ​ကျော်​ဇောက ​ပြောပါတယ်။

“အဓိက ​တောင်း​ဆိုထား​တာက ​ရွှေဂက်စ်က မြန်မာနိုင်ငံအတွင်း​မှာရှိတဲ့​ သဘာဝဓာတ်​ငွေ့​ပေါ့​။ အခွင့်​အ​ရေး​အရ တိုင်း​ရင်း​သား​တွေ အကုန်လုံး​က ခံစား​ပိုင်ခွင့်​ရှိတယ်ဆိုတာ ကျ​နော်တို့​ အမြဲတမ်း​သိထား​တယ်။ ကိုယ့်​မြန်မာနိုင်ငံက ထွက်တဲ့​သယံဇာတ ပစ္စည်း​တွေကို မြန်မာပြည်သား​တွေ အ​နေနဲ့​ သုံး​စွဲခွင့်​ကို ​ပေး​ပါဆိုပြီး​ ​တောင်း​ဆိုချက်ကို ​တောင်း​ဆိုတာ။ မကြာခင်မှာ ​ပေး​မယ်ဆိုတာကို ​ပြောထား​တယ်။ ဒါ​ပေမယ့်​ လက်ရှိအ​ခြေအ​နေအရ ကျ​နော်တို့​လက်ထဲကို ​ရောက်မလာ​သေး​တဲ့​ အ​ခြေအ​နေက စကား​အရပဲ ရှိ​သေး​တယ်။ ​ပြောပြီး​သား​ စကား​တခုကို ပိုပြီး​အ​လေး​အနက် ဖြစ်​စေချင်တဲ့​ သ​ဘောသက်​ရောက်မှု ရှိတယ်။”

ပိုစတာနဲ့​ တီရှပ်လှုပ်ရှား​မှု​တွေကို မ​နေ့​ကနဲ့​ ဒီက​နေ့​မှာ ပြုလုပ်ခဲ့​တာ​ကြောင့်​ စစ်​တွေနဲ့​ ​မြေက်ဦး​မြို့​မှာ လုံခြုံ​ရေး​တင်း​ကြပ်​နေ​ပေမယ့်​ အဖမ်း​အဆီး​မရှိဘူး​လို့​ ​ပြောပါတယ်။


.........................

Burmese.dvb News

0 comments:

Post a Comment