Pages

Sunday, 8 January 2012

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ နိုင်ငံရေးပါတီတွေ တောင်းဆို

နိုင်ငံရေးပါတီ ၁ဝ ဖွဲ့ ပေါင်းစည်းထားတဲ့ ဒီမိုကရေစီ မိတ်ဆွေပါတီများက နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မြန်မာနိုင်ငံ ပြန်ခွင့်ပေးဖို့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေတရပ် ပြဋ္ဌာန်းပေးဖို့ တောင်းဆိုလိုက်ပါတယ်။

မြန်မာပြည် နိုင်ငံရေးအကျဥ်းသားမျာ၏ ဓာတ်ပုံ၊ မှတ်တမ်းများကို ထိုင်းမြန်မာနယ်စပ် ၊ မဲဆောက်္ဘမိအခြေစိုက် မြန်မာနိုင်ငံ နိုင်ငံရေး  အကဵဉ်းသားမဵား 
ကူညီစောင့်ရှောက်ရေးအဖွဲ့ ရုံတင် ပြုထားပုံ ဖြစ်ပၝသည်။ (Photo: AFP)
အခု တောင်းဆိုမှုကို ရန်ကုန်မြို့မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ပြီး ထုတ်ပြန် ကြေညာလိုက်တာဖြစ်ကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ရဲ့ ဥက္ကဋ္ဌ ဦးသိန်းတင်အောင်က RFA ကို ပြောပါတယ်။


ဒီမိုကရေစီ မိတ်ဆွေပါတီများကို ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်ဖို့ ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ စုစည်းထားတာပါ။

အခု တောင်းဆိုမှုကို အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF)၊ ဒီမိုကရေစီပါ တီ (မြန်မာ)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ချင်းအမျိုးသားပါတီ (CNP)၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီတို့ အပါအဝင် နိုင်ငံရေးပါတီ ၁ဝ ခုက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
........................
RFA

0 comments:

Post a Comment