Pages

Friday, 2 March 2012

ဘင်္ဂလာဒေခ်ျ့ ရောက် ရခိုင်မိသားစုများကလည်း ကမ္ဘာလုံးဆိုင်ရာ ရွှေဂက်(စ်) စီမံကိန်း လှုပ်ရှားမှုနေ့တွင် ဆန္ဒပြတောင်းဆို

ထွန်းထွန်း
---------
မတ်လ (၁) ရက်နေ့တွင် ပြုလုပ်သော ကမ္ဘာလုံးဆိုင်ရာ ရွှေဂက်(စ်)စီမံကိန်း ရပ်တန့်ရေး အတွက် လူပ်ရှားမူ ပြုလုပ်သည့်နေ့တွင် ဘင်္ဂလာဒေခ်ျ့ရောက် ရခိုင်မိသားစုများကလည်း ပူးပေါင်း ပါဝင် ဆန္ဒပြခဲ့ကြသည်။
Global-Action-Arakan-Shwe-Gas
ဆန္ဒပြပွဲအား မြန်မာနယ်စပ် အနီးရှိ ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့ Press club ရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

လှုပ်ရှားမှုကို ဦးဆောင်သူ တဦးဖြစ်သည့် AASYC အတွင်းရေးမှူး (၂) ကိုကံမြင့်က ရည်ရွယ်ချက်ကို နိဉ္စရာသို့ ယခုလိုပြောသည်။

"ဒီနေ့လှုပ်ရှားရတဲ့ ရည်ရွယ်ချက်က နံပါတ်(၁) မြန်မာ-တရုတ်ဂက်(စ်)ပိုက်လိုင်း စီမံကိန်းကို ရပ်တန့်ပေး ရန်၊ (၂) မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီတခု ပေါ်ပေါက်လာအောင် အတွက် ဒီစီမံကိန်းကို ရပ်ဆိုင်းပေးဖို့၊ (၃) ရွှေဂက် (စ်)မှ ထွက်ရှိတဲ့ အကျိုးအမြတ်တွေကို ဒေသခံပြည်သူတွေ အနေနဲ့တစုံတရာ အကျိုးခံစားခွင့်မရဘဲ ဆုံးရှုံးမူတွေနဲ့ ကြုံတွေ့နေရတဲ့ အတွက် Global Action နေ့ကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်" ဟုပြောသည်။

၎င်းအပြင်သူက “ဒီဂက်(စ်)စီမံကိန်း စတင်ကတည်းက မြန်မာအစိုးရ အနေနဲ့ ဒေသခံတွေနဲ့ ဆွေးနွေးတာမရှိ ဘဲ တရုတ်ပြည်ကို ရောင်းစားထားတယ်။ အဲဒီကရလာတဲ့ အကျိုးအမြတ်တွေနဲ့ စစ်အသုံး စရိတ်တွေမှာ အသုံး ပြုတာတွေ့ရတယ်။ ပြီးရင် အဲဒီဒေသ ရေပြင် တ၀ိုက်မှာ ရေလုပ်သားတွေကို ကန့်သတ်တာတွေ ရှိနေတဲ့ အတွက် တော်တော် ဒုက္ခရောက်ကြ တယ်။ သူတို့ သတ်မှတ်ထားတဲ့ ရေပြင်တွေတလျှောက် ငါးဖမ်းခွင့်၊ သွားလာခွင့်တွေ ပိတ်ပင်ထားတယ်။ နောက် တခုက ပိုက်လိုင်းလမ်း လမ်းကြောင်းတလျှောက် လယ်မြေတွေအသိမ်းခံရတယ်။ ကျေးရွာတွေ ပြောင်းရွှေ့ခံရတာ တွေဖြစ်လာတဲ့ အတွက် ဒီစီမံကိန်းအပေါ်မှာ ဆိုးကျိုးနဲ့ ကောင်းကျိုးကို နိုင်ငံတကာက ချင့်ချိန်စဉ်းလာနိုင် အောင်၊ ပြည်တွင်းက ရခိုင်ပြည်သူတွေ ဂက်(စ်)စီမံကိန်း ကိစ္စကို ပိုမိုသိလာအောင်အတွက် ဆိုပြီးဒီလှုပ်ရှားမှုကို နိုင်ငံတကာမှာရှိကြတဲ့ ဂက်(စ်)စီမံကိန်း ဆန့်ကျင်ရေး အတိုက်အခံအင်အားစုနဲ့ ပူးပေါင်းပြီး ပြုလုပ်ကြတာဖြစ်ပါ တယ်” ဟုပြောသည်။

ဆန္ဒပြလှုပ်ရှားမှုအတွင်း ဘင်္ဂလာပြည်သူများ သိရှိစေရန် SHWE GAS PROJECT …Stop stop- Arakan and China gasp peline..stop stop Human rights abuse...stop stop- Daewoo and CNPC ..get out စသည့် ကြွေးကြော်သံများ ကြွေးကြော်ကာ စာတန်းများကိုင်ဆောင်ကာ အော်ဟစ် ဆန္ဒပြခဲ့ကြသည်။

လှုပ်ရှားမှုကို နံနက် ၁၀ နာရီခွဲမှ စတင်ကာ ၁၂ရီကျော်ခန့်တွင် အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။ အဆိုပါလှုပ် ရှားမှုသို့ လူပေါင်း ၃၀ ကျော် အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ခဲ့ ကြသည်။

ဆန္ဒပြ လှုပ်ရှားမှုကို ဘင်္ဂလားဒေ့ခ်ျနိုင်ငံရောက် ရခိုင်အမျိုးသား အတိုက်အခံအင်အားစု အဖွဲ့မှဦးဆောင်ခဲ့သည်။ အဆို ပါလှုပ်ရှားမှုအတွင်း ဒေသခံအာဏာပိုင်များမှ တစုတရာ အနှောက် အချက်ပေးခြင်းမရှိကြောင်း ဟုသိရ သည်။


....................
နိရဉ္စရာ

0 comments:

Post a Comment