ရခိုင်ကမ်းလွန်ဒေသမှထုတ်လုပ်မည့် ရွှေသဘာဝဓာတ်ငွေ့ဖြင့် ရခိုင်ပြည်နယ် တခုလုံး ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP) က ကော်မတီတရပ်ဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဟု သိရသည်။
“လျှပ်စစ်မီးရရှိရေး ကိစ္စကို ပါတီအနေနဲ့ကတော့ ဥပဒေဘောင်အတွင်းကပဲ ဆောင်ရွက်သွားမှာပါ၊ တနိုင်ငံလုံးမှာ မရှိတဲ့ မီတာ နှုန်းထားခ ကြီးမြင့်နေမှု ကိုလည်းပဲ လျှော့ချနိုင်အောင် အာဏာပိုင်တွေနဲ့ ညှိနှိုင်းသွားဖို့ရှိပါတယ်”ဟု ပါတီ၏ ပြောခွင့်ရသူ ဦးခိုင်ပြည်စိုးက ဆိုသည်။
စစ်တွေမြို့မှအပ ကျန်မြို့နယ်များ၌ တနေ့လျှင် လျှပ်စစ်မီး ၅ နာရီဝန်းကျင်သာ ရရှိကြောင်း သိရပြီး ၁၀ ယူနစ်ထက်ကျော်လွန် ပါက မီတာ တယူနစ်လျှင် ကျပ် ၄၀၀ မှ ၆၀၀ ၀န်းကျင်ထိ နေရာဒေသအလိုက် ပေးဆောင်နေရကြောင်း ရခိုင် ဒေသခံများက
ပြောသည်။
ပြောသည်။
လျှပ်စစ်မီးရရှိရေး၊ မီတာခလျှော့ရေး၊ အဓ္ဓမသိမ်းယူထားသည့် လယ်ယာမြေများ စသည့်အကြောင်းအရာများကို ပြည်နယ် လွှတ်တော် အစည်းအဝေးများ၌ တင်ပြဆွေးနွေးခဲ့သော်လည်း ပြည်ထောင်စုအဆင့် တင်ပြသွားမည်ဟုသာ ဖြေဆိုကြောင်း
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တချို့ကပြောသည်။
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တချို့ကပြောသည်။
“ပြည်ထောင်စုလွှတ်တော်တွေလိုပါပဲ မေးတာတမျိုး၊ ဖြေတာတခြားတွေပါ၊ အများစုက မအောင်မြင်ပါဘူး၊ အကုန်လုံးနီးပါးက ဗဟိုက ချုပ်ကိုင်ထားတာဆိုတော့ အဆိုတွေ၊ မေးခွန်းတွေ အများစုဟာ မအောင်မြင်ပါ”ဟု RNDP ၏ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ဦးအောင်မြကျော်က ဆိုသည်။
ကိုယ်စားလှယ် ဦးအောင်မြကျော်က ဆိုသည်။
မီတာနှုန်းထားလျော့ကျရေးနှင့်ပတ်သက်၍ ၎င်းက “မီးအမြဲတမ်းရပြီး တယူနစ် ၄၅၀ ကျပ်၊ ၅၀၀ ကျပ်ဆိုရင်လည်းပဲ ဘယ် သူမှ သုံးစွဲနိုင်မှာမဟုတ်ဘူး၊ ဒီတော့ မီတာခ လျှော့ကျဖို့အတွက် အစိုးရနဲ့ ပူးပေါင်းပြီးအဓိကလုပ်ဆောင်ရဦးမှာပါ”ဟု ဆို သည်။
RNDP ပါတီ၏ ဒု-ဥက္ကဋ္ဌ ဦးတင်ဝင်း က လည်း ၂၄ နာရီလျှပ်စစ်မီး ရရှိရေး စာတမ်း တစောင်အား စစ်တွေမြို့၌ နိုဝင်ဘာလ ၁၃ ရက်နေ့ က ဖတ်ကြားခဲ့သည်။
ရွှေသဘာဝဓာတ်ငွေ့ဖြင့် ရခိုင်တပြည်လုံး၌ ၂၄ နာရီလျှပ်စစ်မီးရရှိရေးအတွက် ဒေသခံလူငယ် များဦးဆောင်၍ လူစည်ကားရာ နေရာများ၊ သီတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်းလပြည့်နေ့၊ အမျိုးသားနေ့ တို့တွင် ရခိုင်ပြည်နယ်ရှိ မြို့နယ် တချို့၌ လှုပ်ရှားဆောင်ရွက်မှု လုပ်ဆောင်ခဲ့ကြသည်။
၂၄ နာရီလျှပ်စစ်မီး ရရှိရေးစာတန်းပါ တီရှပ်အင်္ကျီများဝတ်ဆင်၍ လှုပ်ရှားမှု တခုကို နိုဝင်ဘာလ ၂၀ ရက်နေ့ (အမျိုးသားနေ့) က စစ်တွေမြို့၌ လုပ်ဆောင်ခဲ့ရာ ၁၀ ဦးဝန်းကျင်ကို အာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်၍ စစ်ဆေးမှု ပြုလုပ်ခြင်း၊ တချို့ကို
ခေတ္တထိန်းသိမ်းခြင်းတို့ လုပ်ဆောင်ခဲ့သော်လည်း ယနေ့တွင် အားလုံးပြန်လည် လွတ်မြောက်သွားပြီဟု လှုပ်ရှားမှုတွင်ပါ ၀င်ခဲ့သူ တချို့က ပြောသည်။
ခေတ္တထိန်းသိမ်းခြင်းတို့ လုပ်ဆောင်ခဲ့သော်လည်း ယနေ့တွင် အားလုံးပြန်လည် လွတ်မြောက်သွားပြီဟု လှုပ်ရှားမှုတွင်ပါ ၀င်ခဲ့သူ တချို့က ပြောသည်။
“ဆန္ဒပြမယ့် ကိစ္စကို အာဏာပိုင်တွေက ကြိုသိသွားတော့ လက်ဦးမှုရသွားခဲ့ပါတယ်၊ တီရှပ် အင်္ကျီတွေ အကုန်သိမ်း သွားပါ တယ်၊ ဒီလို ခြိမ်းခြောက်မှုတွေ လုပ်ပေမယ့် ရပ်တန့်သွားဖို့အစီအစဉ်မရှိပါဘူး၊ အခွင့်ရရင် ရသလို ဆောင်ရွက်သွားမှာပါ”ဟု
ဦးဆောင်ပါဝင်ခဲ့သူ တဦးက ရှင်းပြသည်။
ဦးဆောင်ပါဝင်ခဲ့သူ တဦးက ရှင်းပြသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၏ မြို့နယ်များအပြင် ရန်ကုန်၊ ပဲခူး၊ ကျောက်ပန်းတောင်း၊ မန္တလေးမြို့တို့တွင် တီရှပ်အင်္ကျီများ ဖြန့်ဝေမှု တပြိုင်တည်း လုပ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း မအောင်မြင်ခဲ့ဟု သိရသည်။
ထိုလှုပ်ရှားမှုများသည် ပြည်ထောင်စုအဆင့် စွမ်းအင်ဝန်ကြီး ဦးသန်းဌေးက ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှထွက်သော ဂက်စ် အား လုံးကို တရုတ်နိုင်ငံသို့ အပြီးအပိုင် ရောင်းချထားပြီးဖြစ်၍ ရခိုင်ဒေသကိုမီးပေးရန်အစီ အစဉ်မရှိဟုပြောဆိုခဲ့ပြီးနောက်ပိုင်း တွင်ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
ကျောက်ဖြူမြို့၌ တည်ဆောက်နေသော ရခိုင်ကမ်းလွန်ဒေသရှိ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိသော စွမ်းအင် အ သုံးပြု၍ ဒေသခံပြည်သူများအတွက် လျှပ်စစ်ဓာတ်အားပေးရန် ရှိမရှိ RNDP ပါတီမှ ပြည်သူ့လွှတ်ကိုယ်စားလှယ် ဦးဘရှိန်က စက်တင်ဘာလ ၂၇ ရက်နေ့လွှတ်တော်တွင် မေးမြန်းခဲ့ရာ ဦးသန်းဌေးက အထက်ပါအတိုင်းဖြေဆိုခဲ့သည်။
ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ထွက်ရှိသော ဂက်စ်များကို တရုတ်နိုင်ငံက နှစ်ပေါင်း ၃၀ အထိ ထုတ်ယူခွင့်ရမည်ဖြစ်ပြီး၊ မြန်မာအစိုးရသည်လည်း အမေရိကန်ဒေါ်လာ တနှစ်လျှင် ၁ ဒသမ ၂ ဘီလီယံကို နှစ်စဉ်ရရှိမည်ဖြစ်ကြောင်း Shwe Gas Movement အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ ရေနံသိုလှောင်ကန်၊ ဓာတ်ငွေ့သန့်စင်စက် ရုံစသည့်ဖြင့် စီမံကိန်းအများအပြားကို တရုတ်နိုင်ငံ၏အကြီးဆုံးကုမ္ပဏီတခုဖြစ်သော ( China National Petroleum Corporation-CNPC )က အဓိက တာဝန်ယူတည်ဆောက်လျက်ရှိသည်။
ကိုးရီးယားပိုင် ဒေ၀ူး၊ ဟွန်ဒိုင်း၊ အိန္ဒိယ၊ မလေး၊ ဖိလစ်ပိုင် ကုမ္ပဏီများနှင့်မြန်မာနိုင်ငံမှ အေးရှားဝေါလ်၊ သန္တာနဂါး၊ မြန်မာ့ရွှေသ ရဖူ၊ 7-Star, PSC, Myint and Association စသည့် ကုမ္ပဏီများသည် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့်ဆက် စပ်နေ သော တည်ဆောက်ရေး လုပ်ငန်းတချို့တွင် လုပ်ဆောင် နေကြသည်။
..............................
ဧရာဝတီသတင်း
0 comments:
Post a Comment