Pages

Tuesday, 17 January 2012

ဒီမိုက​ရေစီမဟာမိတ် ၁၀ ပါတီ ၁၉ ​နေရာ ဝင်ပြိုင်မည်

ဒီမိုက​ရေစီမဟာမိတ် ၁၀ ပါတီ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ပြုလုပ်ခဲ့​ပြီး​​ သ​ဘောထား​ ​ကြေညာချက် ထုတ်ပြန်သွား​ဖို့​ ရှိပါတယ်။
ရန်ကုန်မှာ ပြုလုပ်ခဲ့​တဲ့​ ဒီ​နေ့​ ​ဆွေး​နွေး​ပွဲက​နေ သ​ဘောတူညီချက်အချို့​ ရရှိခဲ့​ပြီး​ မနက်ဖြန်မှာ ​ကြေညာချက် ထုတ်ပြန်ဖို့​ ရှိတဲ့​အ​ကြောင်း​ ဒီမိုက​ရေစီ ပါတီဥက္ကဋ္ဌ ဦး​သု​ဝေက ​ပြောပါတယ်။

ဦးသုဝေ
“အ​ကြောင်း​က​ တော့​ နှစ်ချက်၊​ သုံး​ချက်​ပေါ့​။ တစ်အချက်က​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ လွတ်တဲ့​ကိစ္စမှာ ကျ​နော်တို့​က ​ကြေညာချက်​တွေ မထုတ်ရ​သေး​ဘူး​လေ။ အဲဒါ​လေး​ ထုတ်ဖို့​ရယ်၊​ ​နောက်ပြီး​တော့​ ကျ​နော်တို့​ ၁၀ ပါတီက ကြား​ဖြတ်​ရွေး​ကောက်ပွဲနဲ့​ ပတ်သက်တဲ့​သ​ဘောထား​ရယ်၊​ ​နောက်ပြီး​ ငြိမ်း​ချမ်း​ရေး​ကိစ္စ​လေး​တွေ အဲဒါ​လေး​တွေကို ကျ​နော်တို့​ သ​ဘောထား​လေး​ ထုတ်ပြန်ဖို့​ပါ။ မနက်ဖြန်မှ ထုတ်ပြန်နိုင်မှာပါ။”
ဒီမိုက​ ရေစီမဟာမိတ် ၁၀ ပါတီဟာ လာမယ့်​ ကြား​ဖြတ်​ရွေး​ကောက်ပွဲမှာ လစ်လပ်​နေရာ ၁၉ ခုမှာ ဝင်​ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပြီး​၊​ အရင်ကတည်း​က သ​ဘောတူထား​ကြတဲ့​အတိုင်း​ ​ရွေး​ကောက်ပွဲဝင်မယ့်​ ပါတီကို တခြား​ ပါတီ​တွေက ဝန်း​ရံကြဖို့​လည်း​ ရှိတယ်လို့​ ​ပြောပါတယ်။
လစ်လပ်​နေရာ ၄၈ ​နေရာစလုံး​ ဝင်​ရောက် ယှဉ်ပြိုင်မယ်လို့​ ​ကြေညာထား​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်နဲ့​ ပတ်သက်လို့​ရော ​ဆွေး​နွေး​ဖြစ်ကြသလား​ဆို​တော့​ သူက ခုလို ​ပြောပါတယ်။
“အဲဒါက​တော့​ အထူး​ မ​ဆွေး​နွေး​ဖြစ်ပါဘူး​။ သူတို့​ကလည်း​ ​ကြေညာထား​ပြီး​သား​၊​ ဝင်ပြိုင်မယ် ဆို​တော့​ ဒါက​တော့​ ဒီမိုက​ရေစီအရ​တော့​ ပြိုင်ကြရမှာ​ပေါ့​။”
ဒီမိုက​ ရေစီမဟာမိတ် ၁၀ ပါတီမှာ အမျိုး​သား​ဒီမိုက​ရေစီအင်အား​စု (အန်ဒီအက်ဖ်)၊​ ဒီမိုက​ရေစီပါတီ(မြန်မာ)၊​ ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုကရက်တစ်ပါတီ(ကျား​ဖြူ)၊​ ရခိုင်တိုင်း​ရင်း​သား​များ​ တိုး​တက်​ရေး​ပါတီစတဲ့​ ပါတီ​တွေ ပါဝင်ကြပြီး​ ဒီပါတီ​တွေဟာ ၂၀၁၀ ​ရွေး​ကောက်ပွဲမှာ ဝင်​ရောက် ယှဉ်ပြိုင်ခဲ့​ကြတဲ့​ ပါတီ​တွေလည်း​ ဖြစ်ပါတယ်။
.........................
Burmese.dvb News

0 comments:

Post a Comment