Pages

Sunday, 29 January 2012

ဘင်္ဂလား- မြန်မာ နယ်စပ်တွင် လက်နက်များ ဖမ်းမိ

မောင်အေး
----------
ဘင်္ဂလား မြန်မာနယ်စပ် ဘင်ဒရာဘင် (ရွာတော်)ခရိုင် နတ်ကျောက်ဆိုးရီးမြို့နယ်အတွင်း တောတွင်း တနေရာမှ လက်နက်ကိုင် စခန်းတခုကို ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ၀င်ရောက်စီးနင်းစဉ် လက်နက် တချို့အပါအ၀င် တခြား ပစ္စည်းများ ဖမ်းမိကြောင်း ယနေ့ထုတ် The Daily jugantor က ရေးသား ဖေါ်ပြသည်။
images
ဖမ်းဆီးမိသည့် ပစ္စည်းများမှာ AK-47 ၃လက်အပါအ၀င် လက်နက် ၇ လက်၊ ကျီဆန် ၂၇ တောင့်၊ လမ်းလျှောက်စကားပြောစက်ငယ် ၂ လုံး၊ TV ၂လုံး၊ ဘင်္ဂလာထုတ် ဆေးဝါးတချို့၊ မြေပုံ ၂ ခုအပါအ၀င် တခြားပစ္စည်းများပါဝင်ကြောင်း သတင်းစာ တွင် ဖော်ပြသည်။

လက်နက်များ ဖမ်းဆီးရမိသည့် ဒေသတ၀ိုက်တွင် RSO ခေါ် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့နှင့် RNO ခေါ် ရိုဟင်ဂျာအမျိုးသား အဖွဲ့တို့ အခြေစိုက် လှုပ်ရှားနေသည့် နေရာ ဖြစ်ကြောင်းလည်း အဆိုပါ သတင်း စာတွင် ရေးသားသည်။

အဆိုပါ လက်နက်များကို ယမန်နေ့က ပြုလုပ်သည့် နတ်ကျောက်ဆိုးရီးအခြေစိုက် အမှတ် ၄၅ ဘင်္ဂလာ နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင် ၂၀ ဦးပါဝင်သည့် အဖွဲ့တဖွဲ့မှ ၅ နာရီကြာ စစ်ဆင်ရေးတခုတွင် ဖမ်းမိခြင်း ဖြစ်သည်။

"RSO က မြိုတောင်အနားမှာ ရှိတယ်လို့ ကြားတယ်။ နယ်စပ်မှာ ကျွန်တော်တို့နဲ့ကဝေးတယ်။ လင်ချာကိုင်း သက်ရွာနားက ဒင်းဂါးရားချောင်းမှာလည်း သူတို့ ရှိတယ်လို့ကြာတယ်။ ဒီဘက်မှာလည်း မနေ့က မကောက်ရွာတို့ ဒါးပိုင်ခါလီရွာတွေမှာလည်း ဘီဒီအာရ် ရောက်တယ်။ အခုတော့ ပြန်သွားပါပြီး။"ဟု ဘိုင်ချားရီ ဒါလာရွာမှ သက်အမျိုး သားတဦးက ပြောသည်။

ယခု ပြုလုပ်သည့် စစ်ဆင်ရေးကို နတ်ကျောက်ဆိုးရီ အခြေစိုက် နယ်ခြားစောင့်တပ်မှ အရာရှိ ကာမ်ရူလ် ဟာဆန်းမှ ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

................
နိရဉ္စရာ

0 comments:

Post a Comment