
လူထုအင်းအားနဲ့ တောင်းဆိုပွဲတခုကို ခုလ တရက်နေ့က ကျောက်ဖြူမှာ ပြုလုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းက ထွက်တဲ့ဓာတ်ငွေ့ကို ရခိုင်ပြည်နယ်အတွက် သုံးစွဲခွင့်ရရေးအတွက် စွမ်းအင်ဝန်ကြီးဌာနနဲ့ ကိုရီးယားကုမ္ပဏီဒေဝူးတို့အကြားသဘော တူညီမှုတွေရခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီသတင်းတွေကို သီးခြား လွတ်လပ်စွာ အတည်မပြုနိုင်သေးပါဘူး။
ရခိုင်ပြည်နယ်က ထွက်တဲ့ သဘာဝဓာတ်ငွေ့ကို တရုတ်ပြည်ကို တိုက်ရိုက် တင်ပို့ရောင်းချပြီး ငါးပုံ တစ်ပုံကို ပြည်မကိုတင်ပို့တယ်လို့သတင်းရရှိပါတယ်။
ပြည်မကိုတင်ပို့တဲ့ ဓာတ်ငွေ့ထဲက တချို့ကို ရခိုင်ပြည်နယ်မှာ လျှပ်စစ်ရရှိရေး၊ ဒါမှမဟုတ် တခြားအလုပ်အကို ဖန်တီး နိုငမယ့် ကဏ္ဍတွေမှာ သုံးစွဲဖို့ တောင်းဆိုနေတယ်လို့ ရခိုင်ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ပြောပါတယ်။
အခုလို အစိုးရက ရခိုင်ကထွက်တဲ့ ဓာတ်ငွေ့ကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် ခွဲဝေသုံးစွဲမယ်ဆိုတဲ့ သတင်းတွေကြောင့် ဒေသခံပြည်သူ လူထုကတော့ ဒီသတင်းကို ကြိုဆိုကြ တယ်လို့ သတင်းရရှိပါတယ်။
http://burmese.shwe.org
0 comments:
Post a Comment